top of page
Search

အသားရည်အတွက် ဘာကြောင့် Exfoliate ပစ္စည်းတွေက အရေးကြီးတာလဲ?

  • Writer: 1st Natural Glow
    1st Natural Glow
  • Mar 11, 2022
  • 2 min read

Updated: May 10, 2022

လူသားတွေရဲ့အရေပြားက တစ်နေ့တစ်နေ့ ဆဲလ်အသေများစွာကို သူ့သဘာဝနဲ့သူဖယ်ထုတ်တဲ့ ဖြစ်စဉ်ကိုပြုလုပ်ပါတယ် ။ ငယ်ငယ်ကတော့ အဲ့ဒီ့ဖြစ်စဉ်ကပိုလျှင်မြန်ပြီး အသက်ကြီးလာတာနဲ့အမျှနှေးကွေးလာသလို တစ်ခါတစ်လေမှာ ရပ်တန့်သွားလေ့ရှိပါတယ် ။ တစ်ချို့ဖြစ်စဉ်တွေမှာလည်း ဆဲလ်အသေတွေကို အရေပြားကသဘာဝအလျှောက်ဖယ်ထုတ်ခြင်းမှရတာကြောင့် ကိုယ့်ဘာသာကိုယ်ဖယ်ထုတ်ပေးရပါတယ် ။ ဥပမာ အရေပြားဆဲလ်တွေပေါ်နေလောင်တာမျိုးတွေ ၊ နှာခေါင်းထိပ် blackhead တွေလိုမျိုးပေါ့ ။ ဆဲလ်အသေတွေကိုဖယ်ထုတ်ခြင်းမရှိပဲ စုပုံလာပြီဆို အရေပြားကညစ်ထေးလာမယ် အသားရောင်တွေမမှန်တော့ဘူး အရေပြားပေါ်မှာ breakout တွေဖြစ်မယ် ချွေးပေါက်တွေမတန်တဆကျယ်လာမယ် စသဖြင့်စသဖြင့် တွေ့ရလေ့ရှိပါတယ် ။ အဲဒါတွေကြုံရပြီဆို သေချာပေါက် exfoliate product တစ်ခုခုကိုသုံးပေးမှဖြစ်မှာပါ ။ Exfoliateဟာ face တင်မဟုတ်ပဲ bodyမှာလဲ လိုအပ်ပါတယ်။ အများစုက မျက်နှာကိုသာ ဂရုစိုက်ကြပေမဲ့ bodyအတွက်ကျတော့ မေ့နေတတ်ကြပါတယ်။ Exfoliate ဘာနဲ့လုပ်မလည်း ? အများစုကတော့ Scrub တွေသုံးကြပါတယ် ။ Scrub အပြင် Exfoliating glove တွေသုံးလို့ရပါတယ် ။ လူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးကြတာကတော့ Scrub တွေကိုအသုံးပြုကြပါတယ် ။ အဲ့နှစ်ခုဘာကွာလည်း ? နှစ်ခုလုံးကတော့ extra cleaning လုပ်ပေးနိုင်ပြီး အရေပြားအတွက်ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ကြပါတယ် ။ Scrub ကတော့ ဘယ်လောက်ကောင်းတဲ့ scrub ဖြစ်ပါစေ အရေပြားရဲ့အပေါ်ယံလွှာကိုသာဖယ်ရှားပေးနိုင်ပြီး အရေပြားအတွင်းထဲကဆဲလ်အသေတွေအတွက်တော့ ထိရောက်မှုမရှိနိုင်ပါဘူး ။ ဒါပေမယ့်သူက လူအများသိထားပြီး လူကြိုက်များတဲ့ exfoliate ဖြစ်ပါတယ် ။ နောက်တစ်မျိုးကတော့ တခြားသောနိုင်ငံတွေမှာသာ လူသိများပြီး ဒီမှာသိပ်မသုံးကြသေးတဲ့ Exfoliating glove တွေပါ သဘာဝအတိုင်း Exfoliating, peelingလုပ်ပေးတဲ့ အတွက် တချို့သော chemical ထည့်ရတဲ့scrub တွေထက်ပိုအဆင်ပြေပါတယ် ။ ပိုပြီးပြောင်စင်ပါတယ် ။ သူ့ရဲ့အားသာချက်က Chemicalမပါတာနဲ့ Budget saveဖြစ်တာပါ။ Exfoliating Gloveကို ဘာတွေနဲ့လုပ်ထားတာလဲ??? Exfoliating Glove က Turkish Natural handmade Viscose ဖြစ်ပြီး 100% plants များမှရရှိ‌ေသာအမျှင်များပါ၀င်ပြီး ထူးခြားတဲ့နည်းပညာကို အသုံးပြုကာ ပေါင်းစပ်ပြုလုပ်ထားပါတယ်။ Exfoliating Gloveလေးက deep exfoliation ပေးနိုင်တဲ့ texture ကို တွေ့ရမှာဖြစ်ပါတယ်။ အသုံးပြုပြီး ထားသိုရန်အတွက်လဲ gloveမှာ handing loopလေးထည့်သွင်းချုပ်ထားပြီး အခြောက်ခံရင်ပဲဖြစ်ဖြစ် သိမ်ဆည်းရန်ပဲဖြစ်ဖြစ် ချိတ်ထားဖို့အတွက် Clear hook လေးထည့်ပေးထားတာမို့ အလွယ်တကူ ချိတ်ထားနိုင်ပါတယ် ။ Exfoliating Gloveက ဘာတွေ လုပ်ဆောင်ပေးနိုင်လဲ ??? -သာမန်တိုက်နေကျ scrub အမှုန့်တွေ အနှစ်တွေနဲ့တိုက်စရာမလိုပဲ Glove လေးတခုထဲနဲ့ scrub လိုသုံးနိုင်တာမျိုးဖြစ်ပါတယ်။ - ခန္ဓာကိုယ်ပေါ်က အညစ်အကြေးဂျီးတွေကိုပြောင်နေအောင်ဖယ်ရှားပေးတယ်။ - နေလောင်ဒဏ်ကြောင့်ညစ်နွမ်းသွားတဲ့အသားရေကိုကြည်လင်စေတယ်။ -ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်ကျဉ်းစေပါတယ် -ခန္ဓာကိုယ်သွေးလည်ပတ်မှုအားကောင်းစေတယ်။ - အကြောပြတ်ရာများနဲ့ အမာရွတ်များကို သက်သာစေတယ် - Collagen ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးတယ်။ - ကြာဆူးနဲ့ ဆားဝက်ခြံများကို သက်သာပျောက်ကင်းစေတယ်။ - အမွှေးကြမ်းများမပေါက်အောင်ကာကွယ်ပေးတယ်။ - အရေပြားပေါ်မှ အဆိပ်တောက်တွေဖယ်ရှားပေးတယ်။ - အရေးကြောင်းများနဲ့ အသားရေလျော့တွဲခြင်းများကို သက်သာစေတယ်။ - Strawberry skinများကို သက်သာစေတယ်။ - တခြားသော Skin problemများကို လဲ သိသိသာသာဖြေရှင်းနိုင်ပါတယ်။ 🧤 Exfoliating Gloves ကိုဘယ်လိုသုံးကြမလဲ.... ???? •အရင်ဆုံး ရေနွေးနွေးလေးနဲ့ 5-10မိနစ် ရေချိုးပါ (သို့မဟုတ်) ရေစိမ်ပါ။ •Exfoliating glove‌လေးကို ရေထဲနှစ်ပြီး ရေအရင်ညှစ်ပါ။ •မဲနေတဲ့နေရာ ဒူးခေါင်း ချိုင်း လည်ပင်း စတဲ့နေရာတွေကို စက်ဝိုင်းပုံ၊ အပေါ်အောက်ပုံစံဖြင့်ပွတ်တိုက်ပေးပါ။ •မတိုက်ခင် ရေစိမ်ဖို့မမေ့ပါနဲ့။ •peelingလုပ်ပြီး ရေဆေးချပါ။ •lotionတခုခုလိမ်းပါ။ 🚫ဆောင်ရန်၊ရှောင်ရန်တွေကတော့.. •🚫Exfoliating Glove‌လေးအသုံးမပြုခင် Body wash, Soapများ နှင့် ခေါင်းလျှော်ချတာမျိုးလုံးဝမလုပ်ရပါ။ •✅ Exfoliatingလုပ်ပြီးမှသာ Wash, Soap နှင့် ခေါင်းလျှော်ချတာမျိုးလုပ်ပါ။ • 🚫Waxing ၊ Shaving လုပ်ထားပါက မသုံးရပါ။ •✅ exfoliating လုပ်ပြီးတာနဲ့မဖြစ်မနေ lotion, cream တခုခု လိမ်းပေးရပါမယ် •✅Glove ကို အသုံးပြုပြီးနောက် လက်ဖြင့်သာ သေချာလျှော်ပေးပါ။ •🚫စက်ဖြင့်လုံးဝမလျှော်ရပါ။ •🚫packaging boxထဲပြန်လည်သိမ်းဆည်းခြင်းမလုပ်ရပါ။ •✅packaging boxထဲမှာ ပါတဲ့ Clear hook‌လေးနဲ့ ချိတ်ထားလို့ရပါတယ်။ •✅Exfoliating Glove ရဲ့ သက်တမ်းကတော့ 6လပါ 6လကျော်တာနဲ့ အသစ်တခုလဲသင့်ပါတယ်။ •✅အရေပြားပါးသူများ၊ sensitive skin များ တစ်ပတ်ကို 1ကြိမ်သာအသုံးပြုသင့်ပါတယ်။ •✅Normal skin များကတော့ တစ်ပတ် 2ကြိမ်အသုံးပြုလို့ရပါတယ်။ •Dailyသုံးတဲ့ နည်းကိုတော့ နောက်သပ်သပ်တင်ပေးပါ့မယ်။ •✅Exfoliating လုပ်ပြီး အသား‌ရေနီတာ ယားယံတာတွေက ပုံမှန်ဖြစ်နေကြမို့ စိုးရိမ်စရာမရှိပါဘူးရှင်။ဆဲလ်သေတွေ အညစ်ကြေးဂျီးတွေ ‌ဖယ်ရှားလိုက်တာမို့ ချွေးပေါက်တွေပွင့်သွားတာကြောင့်ဖြစ်တာပါ ဒါကြောင့် lotion လိမ်းပေးရပါမယ်။ •🚫ဒီ Lux Exfoliating Gloveက Bodyအတွက်သီးသန့်ထုတ်ထားတာဖြစ်လို့ မျက်နှာပေါ်လုံးဝမသုံးသင့်ပါဘူး။ •✅မကြာခင် faceသီးသန့် ထုတ်တော့မှာမို့ product လေးထွက်တဲ့အခါကျမှသာ face gloveကိုပဲ မျက်နှာမှာသုံးသင့်ပါတယ်။ ဆက်သွယ်မှာယူလိုပါက - 09788884990, 095312411 or 1st Natural Glow ရဲ့ Message boxမှာ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်။ •ရန်ကုန်၊မန်းလေး၊ပြည် မြို့များ အိမ်ရောက်ငွေချေ ၊ Online banking နဲ့ ငွေပေးချေနိုင်ပြီး မြို့နယ်အလိုက်ပို့ခပေးဆောင်ရပါမယ်ရှင်။ •တခြားသောနယ်မြို့များကတော့ ငွေကြိုရှင်းစနစ်ဖြင့် ငွေပေးချေနိုင်ပြီး ကားဂိတ်၊ စာတိုက်၊အိမ်အရောက် များဖြင့် ပစွည်းပို့ဆောင်ပေးပါတယ်။ #Say_bye_to_rough_skin #1st_Natural_glow_Offical #Glowing_skin_is_alway_in....




 
 
 

Comments


Post: Blog2_Post

Pyay, Myanmar (Burma)

Subscribe Form

Thanks for submitting!

©2022 by 1st Natural Glow. Proudly created with Wix.com

bottom of page